Mission

လက်ရှိကာလတွင် Myanmar Resource Watch သည် အာဏာသိမ်းကာလအတွင်း စစ်တပ်၊ စစ်တပ်အာဏာပိုင်များ၊ စစ်တပ်လက်ဝေခံခရိုနီစီးပွားရေးသမားများ၏ သယံဇာတများအား အလွဲသုံးစားပြုလုပ်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် သယံဇာတပျက်စီးဆုံးရှုံးလေလွင့်မှုများကို စောင့်ကြည့်ဖော်ထုတ်ပြီး မှတ်တမ်းတင်မည် ဖြစ်သည်။

Myanmar Resource Watch သည် သယံဇာတထွက်ရှိရာဒေသများမှ ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများ၊ သတင်းမီဒီယာများတွင်ဖော်ပြချက်များ၊ Facebook စသော လူမှုကွန်ယက်မီဒီယာများတွင် တွေ့ရှိရသော သတင်းအချက်အလက်ရင်းမြစ်များကို စုဆောင်းပြီး မြေပြင်ကွင်းဆင်းအတည်ပြုကာ အစီရင်ခံစာများ ထုတ်ပြန်ရေးသားခြင်း အများပြည်သူသိရှိစေရန် မီးမောင်းထိုးတင်ပြမည်။