Vision

အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ အစိုးရများနှင့် အာဏာပိုင်အဖွဲ့အစည်းများက နိုင်ငံ၏သယံဇာတအကျိုးအမြတ်များအား အလွဲသုံးစားပြုလုပ်မှုများ၊ အဂတိလိုက်စားမှုများနှင့် စီမံခန့်ခွဲမှုအားနည်းမှုများကြောင့် သယံဇာတပျက်စီးဆုံးရှုံးလေလွင့်မှုများကို ပြည်သူများသိရှိစေရန် မီးမောင်းထိုးတင်ပြရန် ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်သူများအနေဖြင့် နိုင်ငံတော်၏သယံဇာတများနှင့် ပတ်သက်သော စီမံခန့်ခွဲမှုများနှင့် ရပိုင်ခွင့်များကို သိရှိနားလည်နိုင်ရန်နှင့် ရေရှည်တည်တံ့ပြီး စနစ်ကျသော သယံဇာတတူးဖော်ထုတ်လုပ်မှုများဖြစ်လာအောင် ပြည်သူများမှ ဝိုင်းဝန်းထိန်းကျောင်းနိုင်ရန်  မျှော်လင့်ပါသည်။